Insight Conscious Coaching
Home
My Blog
Services
About Me
စိတ်ပိုင်းဝန်ဆောင်မှု
Insight Conscious Coaching
Home
My Blog
Services
About Me
စိတ်ပိုင်းဝန်ဆောင်မှု
More
  • Home
  • My Blog
  • Services
  • About Me
  • စိတ်ပိုင်းဝန်ဆောင်မှု
  • Sign In
  • Create Account

  • Bookings
  • My Account
  • Signed in as:

  • filler@godaddy.com


  • Bookings
  • My Account
  • Sign out

Signed in as:

filler@godaddy.com

  • Home
  • My Blog
  • Services
  • About Me
  • စိတ်ပိုင်းဝန်ဆောင်မှု

Account


  • Bookings
  • My Account
  • Sign out


  • Sign In
  • Bookings
  • My Account

ကိုယ့်ဘဝကိုပြောင်းလဲချင်ရင်

ဘာလို့ အသိသတိနဲ့ကလေးထိန်းနည်းကိုဖြန့်ဝေပေးသလဲ

ကျွန်မငယ်ငယ်တည်းက မိသားစုတွေမှာ မိဘတွေနဲ့သားသမီးတွေနဲ့ဆက်ဆံရေးမှာ စိတ်ပင်ပန်းတာ တယောက်တပေါက်အော်ကြဟစ်ကြ ကိုယ့်စိတ်ကိုမနိုင်ကြတာတွေကိုသတိထားမိခဲ့တယ်၊ ကျွန်မမှတ်မိသလောက် ၁၃နှစ်လောက်တည်းကစပြီး တွေးခေါ်လာတတ်တဲ့အရွယ်ကစပြီး ကျွန်မကိုယ့်ဟာကိုယ် မေးခွန်းထုတ်လာတတ်ပါတယ်။ ဘာလို့ဒီကိစ္စကို ဒီလိုစိတ်ပင်ပန်းခံပြီး အော်သလဲ၊ ဘာလို့ဒီကိစ္စကို ဒီလိုဖြေရှင်းသလဲ။ ကလေးအရွယ်မှာ မိဘတွေမှာဘာကြောင့်ဒီလောက်သောကတွေများကြရတာလဲဆိုတာတော့ ကျွန်မနားမလည်ခဲ့ပါဘူး၊ ကျွန်မအမြဲကိုယ့်စိတ်ထဲမှာကိုဖြေရှင်းတာက ငါဆိုရင်ဒီကိစ္စကိုဒီလိုဖြေရှင်းမှာ၊ ဒီလိုပြောမှာ၊ ဘာလို့ဒီလိုဒေါသနဲ့ပြောဖို့လိုတာလဲ၊ 


ကျွန်မကဘာအကြောင်းရာဖြစ်လို့ ဒီလိုဖြစ်နေသလဲဆိုတာကို သေချာမသိပေမဲ့ မိဘတွေကို စိတ်မဆင်းရဲစေချင်ခဲ့ဘူး မိဘတွေကိုပျော်နေစေချင်ခဲ့တယ်၊ ဒါမှကျွန်မလဲပျော်ရမယ်၊ ကျွန်မသိတာ ကျွန်မပျော်ချင်တယ်၊ ကလေးတိုင်းက သူတို့မိဘကိုပျော်စေချင်တယ်၊ မိဘတွေငွေကြေးမပြေလည်လဲ ကျွန်မရှိတာနဲ့စားနိုင်တယ်၊ လူကြီးတွေကတော့ပြောမယ် ဒါကကလေးအတွေးလေ၊ ဒါပေမဲ့ကလေးအနေနဲ့ကတော့ မရှိတဲ့ထဲမှာပျော်ပျော်နေချင်တယ်၊ အစားလျှော့စားရမှာလား စားမယ်၊ ဘာတွေကမိဘတွေကို စိတ်ဆင်းရဲစေနေတာလဲ၊ သားသမီးတွေကို စိုးရိမ်လို့ပြောရဆိုရလို့ စိတ်ဆင်းရဲတာလား၊ ကျွန်မသားသမီးကောင်းဖြစ်အောင်ကြိုးစားတယ်၊ လိမ္မာအောင်နေတယ်စာကြိုးစားတယ်၊ ဒါပေမဲ့ မိဘတွေက မပျော်နိုင်ဘူး၊ ကျွန်မအတွက် ဘာမှမပြောရဘူး စိတ်မပူရဘူးလေ၊ ဒါလည်းသူတို့မပျော်နိုင်ဘူး။


ကျွန်မ ဒီconscious parenting coaching ကိုစလေ့လာတော့မှ ဘာကြောင့်ကျွန်မတို့တွေ မိဘတွေစိတ်သောက ရောက်ကြသလဲ၊ ဘာကြောင့် ကျွန်မတို့မပျော်နိုင်သလဲ၊ ကျွန်မတို့ကလေးတွေကို ပျော်စေချင်ပြီးအကုန်လိုက်လုပ်ပေးနေတာဘာကြောင့်လဲ၊ ကျွန်မအဖြေတွေရသွားခဲ့တယ်၊  ဘာလို့လဲဆိုတော့ကျွန်မကိုယ်တိုင် ကလေးတွေကို မိဘတွေလို ပုံစံတမျိုးနဲ့လုပ်နေတာတွေ့ခဲ့ရလို့ပါ၊ ကျွန်မကလေးတွေကို စိုးရိမ်ပူပန်လို့ ကျွန်မဒေါသမထိန်းနိုင်မဖြစ်ချင်ဘူး။ ကျွန်မပျော်ချင်တာနဲ့ ကျွန်မကလေးတွေကို မပျော်ပျော်အောင်လုပ်ခဲ့တယ်၊ ကျွန်မတို့တွေက ကိုယ့်စိတ်အတွင်းထဲကိုကိုယ်မကြည့်တော့ ကိုယ့်မှာဖြစ်သမျှကို ကလေးတွေဖြစ်တာအမှတ်နဲ့ဆက်ဆံနေတာ ကြာတော့ကလေးတွေက သူတို့က တခုခုမှားနေသလိုဖြစ်သွားတယ်၊ ဒီတော့ကျွန်မဘာကြောင့် ဒီလိုစိုးရိမ်တာတွေ ဒေါသတွေကို မထိန်းနိုင်တာလဲဆိုတာ ကျွန်မစလေ့လာတယ်၊ အကြောင်းရင်းကို သွားကြည့်ရတယ်။

 

ဒါကြောင့် ကိုယ့်ကိုကိုယ် ပစ္စုပ္ပာန်တည့်တည့်ထားပြီး ကိုယ့်မှာဖြစ်နေတာတွေကို သိဖို့ကြိုးစားရတဲ့ ဒီအသိသတိနဲ့ကလေးထိန်းနည်းက ကျွန်မတို့မိဘတွေကို healing ဖြစ်စေ စိတ်ဒဏ်ရာအနာကျက်စေတဲ့အပြင် ကိုယ့်သားသမီးကို မေတ္တာဂရုဏာနဲ့ထိန်းနိုင်တဲ့အတွက် ကလေးတွေမှာ သူတပါးကို နားလည်တတ် ကိုယ်ချင်းစာတတ်တဲ့သူ စိတ်ဓါတ်ခိုင်မာတဲ့သူတွေဖြစ်လာပါတယ်၊ မိဘကစိတ်ခံစားမှုကိုထိန်းသိမ်းတတ်တဲ့အတွက် ဒီကလေးတွေမှာ စိတ်ဓါတ်ခံနိုင်စွမ်းလဲမြင့်ပါတယ်။ အဓိကက မိဘရဲ့ မျိုးရိုးစဥ်ဆက်ပါလာတဲ့ ပုံစံတွေကို သားသမီးတွေကို လက်ဆင့်မကမ်းတော့တာက သားသမီးတွေအတွက် ရုပ်ပိုင်း စိတ်ပိုင်း တရားအသိဥာဏ်ပိုင်းမှာ တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့အဝှမ်း ဒီနည်းကိုဖြန့်ဝေရာမှာ တထောင့်တနေရာကနေ ပါဝင်ပေးနေခြင်းဖြစ်ပါတယ်။

conscious parenting အကြောင်းကို လေ့လာချင်ရင်၊ အသိသတိနဲ့ ကလေးထိန်းချင်ရင် တဦးချင်း coach လုပ်ပေးနေပါတယ်။ မိဘတွေ စိတ်ချမ်းချမ်းသာသာနဲ့ သားသမီးတွေကိုပြုစုပျိုးထောင်နိုင်ဖို့ သားသမီးတွေနဲ့ ရင်းနှီးဆက်ဆံနိုင်ဖို့ မိဘတွေအတွင်းက စိတ်ဒဏ်ရာအနာကျက်ဖို့ တာဝန်ယူပါတယ်။

 

အမေပေးတဲ့ဒဏ်ရာလား မေတ္တာလား

အမေဆိုတာ မေတ္တာဂရုဏာရှင်၊ အမေဆိုတာ သားသမီးတွေကို အံမကျွေးရုံတမယ် သူတို့ဘဝထက် သားသမီးအတွက် အသက်ရှင်ကြတယ်၊ အမေဆိုတာ တုနှိုင်းမရတဲ့ အနတ္တကျေးဇူးရှင်၊ ပတ်ဝန်းကျင်က ဆရာမိဘတွေက သင်ပေးထားလို့သိတဲ့အစိတ်ပိုင်းက သတ်သတ်၊ ကလေးအရွယ်မှာ အမေအဖေရဲ့ စိတ်သောကနဲ့ဆက်ဆံခံရလို့ရခဲ့တဲ့ စိတ်ဒဏ်ရာရှိတဲ့ အစိတ်ပိုင်းက သတ်သတ်၊ မကောင်းဘူး မိဘကိုမပြစ်မှားရဘူး ငရဲကြီးတယ် ဒီလိုပြောပြီး ကြောက်စိတ်နဲ့ ဖိသတ်တယ်၊ မပေါ်အောင်ဖုန်းဖိတယ်၊ ဖုန်းဖိခံရတဲ့အစိတ်ပိုင်းက နားလည်မှုမရတဲ့အတွက် ဒေါသထွက်တယ်၊ 


လူတကာနဲ့ဆက်ဆံရေးမှာ ဒေါသနဲ့ဆက်ဆံတယ်၊ ကလေးတွေလဲ ဒေါသနဲ့ဆက်ဆံရင်ဆက်ဆံ မဟုတ်ရင် ကလေးကဒေါသနဲ့ဆက်ဆံတဲ့ကလေးမို့ ကိုယ်ကခံရတဲ့သူအဖြစ်နဲ့ ကလေးကိုမကောင်းတဲ့သူအဖြစ်သတ်မှတ်တယ်။ 


အမှန်တကယ်က ကလေးအရွယ်မှာဖြစ်တာကို စိတ်မှာခံစားရတဲ့အခါ ပြေလည်အောင်မလုပ်တတ်ခဲ့လို့ ပြေလည်အောင်လုပ်ပေးဖြေသိမ့်ပေးမဲ့သူမရှိလို့ ကလေးကနေ လူကြီးထိအောင်ဒီစိတ်တွေကို သယ်လာခဲ့တယ်။ ဒါတွေကို လူကြီးအရွယ်မှလည်း လွှတ်မချနိုင်ဘူး။ ဒီတော့ ကိုယ့်စိတ်မှာ အလေးထမ်းထားသလိုအပြစ်ရှိတဲ့သူလိုဖြစ်နေတယ်။ 


ဒါဆိုရင် အဲ့ဒီသယ်လာတဲ့စိတ်ကို မေတ္တာထားပါ၊ သူကကလေးအရွယ်စိတ်နဲ့ သူတွေ့ကြုံတာကို ခံစားနေတာပါ။ ဖုန်းဖိတာမလုပ်ပါနဲ့ ရှင်းထုတ်ပါ၊ အမေမှားတာက အမေနဲ့ကိုယ်ငယ်ငယ်ကအကြောင်းက အတိတ်မှာပြီးသွားပါပြီ၊ 


ကိုယ်ကအခုလူကြီးတယောက်အနေနဲ့ မပြေလည်နေတဲ့အပိုင်းကို process လုပ်ပါ၊ စာနဲ့ရေးပါ၊ coach နဲ့ရင်ဖွင့်ပါ၊ ကိုယ့်ရဲ့မပြီးသေးတဲ့ဒဏ်ရာကို ကျက်အောင်လုပ်ပါ။ ကိုယ့်အမှားကို မြင်ရင် ဂရုဏာထားနိုင်ပါတယ်။ ဒဏ်ရာကို မေတ္တာဂရုဏာနဲ့ အစားထိုးနိုင်ပါတယ်။ ကိုယ်မမြင်နိုင်တဲ့အရာ coach ကမြင်နိုင်ပါတယ်၊ လမ်းပြနိုင်ပါတယ်။ ကိုယ့်ဘဝပေါ့ပါးလွတ်မြောက်ဖို့ ကိုယ့်သားသမီးမှာ မျိုးရိုးစဥ်ဆက် စိတ်ဒဏ်ရာပါမသွားဖို့ သတိနဲ့ကိုယ့်အတွင်းကို ကြည့်ကြရအောင်ပါ။ 

မိမိတို့ မိဘတွေဆီကသယ်လာတဲ့ generational patterns မျိုးရိုးစဥ်ဆက်ပါလာတဲ့ ပုံစံအလေ့ကျင့်တွေကို ဖျက်ချင်ရင် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်။


ရှက်တတ် လူတောမတိုးခြင်းနောက်ကွယ်

ကျွန်မက introvert လူတွေနဲ့ဆက်ဆံရတာ မကြိုက်ဖူး၊ ကျွန်တော်က ဆိုရှယ်မရဘူး၊ ဒီလိုပြောကြတယ်၊ တချို့ကလေးက ပင်ကိုယ် အေးတဲ့ကလေးရှိမယ် တချို့ကလေးက ပင်ကိုယ် သွက်တယ် စကားပြောတယ် ဖော်ရွေတယ်။ များသောအားဖြင့်တော့ အုပ်ထိန်းသူ ပတ်ဝန်းကျင်ကြောင့် ကလေးက ပျော်ရွှင်နေရာက ခပ်တည်တည်နေတော့တာ စကားအရမ်းပြောရာက စကားပြောနဲသွားတာမျိုး ဖြစ်လာတာများပါတယ်။ စကားမပြောရင် လူကြီးတွေက အတင်းပြောခိုင်းလေ မရှက်နဲ့လေ စကားပြောရတယ်၊ ပြောလေ ကလေးက ပိုဆိုးလေနဲ့ ဒီအပေါ်မှာပိုပို အာရုံပြုမိသွားတယ်။ အာရုံပြုရာမှာ အားပိုကြီးတဲ့သဘာဝအရ ကလေးက ငါကရှက်တတ်တယ် လူတွေနဲ့စကားပြောရတာမကြိုက်ဖူး၊ ဒီလိုတွေဖြစ်လာတယ်။ 


ဒါမမဟုတ် ကလေးကို ကြောက်အောင်ပြောတာ ဝေဖန်တာ လှောင်တာ ကလေးကို အရှက်ရအောင်လုပ်တာတွေက ကြီးလာတဲ့အခါ ကလေးက သူ့ခံစားမှုကို မဖွင့်ပြောတတ်တော့ဘူး၊ လူတွေနဲ့ ရင်းရင်းနှီးနှီးနေလို့မရတော့ဘူး၊ ခံစားရတာကို မလုပ်တတ်တော့ဘူး။ 

ဘာကြောင့် ကိုယ့်စိတ်ထဲမှာ လူတွေနဲ့ ရင်းနှီးရတာအဆင်မပြေသလဲ၊ လူတွေနဲ့ စကားပြောရင် ခန္ဓာကိုယ်မှာ ဘယ်လိုတွေခံစားရသလဲ။ သူများနဲ့ စကားပြောနေတုန်းမှာ ကိုယ့်ကိုကိုယ်ပဲအာရုံပြုမိနေသလား။ ကိုယ်ဘယ်လိုပြန်ပြောရမလဲပဲ အာရုံပြုနေသလား။ ကိုယ့်ကိုကိုယ် ဝေဖန်နေတာလား။ သတိထားကြည့်ပါ။ 


ဒီတခါ သူများနဲ့ စကားပြောဆိုရတဲ့အခါ ရှက်သလို ကြောက်သလိုဖြစ်တဲ့အခါ အတွင်းကို ကြည့်ကြည့်ပါ၊ ဘာတွေဖြစ်နေသလဲ။ ကိုယ် ဘာတွေကို ဖုံးကွယ်ဖို့ကြိုးစားသလဲ၊ ကိုယ်ဘာတွေကို ဖုံးကွယ်ထားမှဖြစ်သလဲ။ မဖုံးကွယ်ရင် ကိုယ်ဘာဖြစ်မှာလဲ။ ဒီလိုမေးခွန်းလေးတွေ မေးကြည့်ပါ။ ကိုယ့်ရှက်စိတ် ကြောက်စိတ်ရဲ့ အရင်းမြစ်ကို သွားကြည့်ပြီး ဘာကြောင့် ဘယ်တုန်းက ဒီလိုစဖြစ်ခဲ့တာလဲ၊ ကိုယ်အဲ့လိုပြုမူတဲ့အတွက် ဘာအကျိုးအမြတ်ရသလဲ။ ဒါမမဟုတ် ရှက်စိတ် ကြောက်စိတ်မရှိရင် ကိုယ့်အတွက် ဘာအကျိုးအမြတ်တွေရမလဲ။

ကိုယ်က လူသစ်တယောက်လို ကိုယ့်ဘဝကိုလူများအမြင်မှာ လုံးဝပြောင်းလဲသွားတယ်ဆိုတဲ့ထိဖြစ်အောင် ရှက်စိတ်ကြောက်စိတ်တွေကို ဘယ်လိုကိုင်တွယ်မလဲ ဘယ်လိုရင်ဆိုင်မလဲ အသေးစိတ်သိချင်ရင် ကျွန်မတို့ team ကိုဆက်သွယ်နိုင်ပါတယ်။



Site Content

ကိုယ့်ကိုကိုယ်ချစ်အောင်ဘယ်လိုလုပ်မလဲ

  

လူတွေကထင်တာ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတာ ကိုယ်ကြိုက်တာစားတာ ကိုယ်လုပ်ချင်တာလုပ်တာ ကိုယ်ဝတ်ချင်တဲ့အဝတ်စားဝယ်ဝတ်တာ ဘယ်သူ့ကိုမှဂရုမစိုက်တော့တာ ဒါတွေကကိုယ့်ကိုကိုယ်ချစ်တဲ့ အပြုမူတွေလို့ထင်နေတယ်။ ကိုယ့်ကိုကိုယ်ပိုဂရုစိုက်လာတာမှန်ပေမဲ့ ကိုယ့်ကိုကိုယ်တကယ်တမ်းချစ်တယ်ဆိုတာက ဒီထက်လေးနက်ပါတယ်။ mirror work တွေလုပ်တာကိုသင်ပြီး မှန်ထောင် ကိုယ့်ကိုကိုယ်ချစ်ပါတယ်လို့ တနေ့ကိုအခေါက်တထောင်ပြောပေမဲ့ ကိုယ့်ကိုကိုယ်မချစ်ခဲ့တဲ့အကြောင်းရင်းကို မသိရင်မရှာဖွေရင် ကိုယ်ကဘာလုပ်ခဲ့လို့ ကိုယ့်ကိုကိုယ်မချစ်ခဲ့တာလဲ၊ ကိုယ်ကဘာပုံထွက်နေတယ်ပြောကြလို့ ကိုယ့်ကိုကိုယ်မချစ်ခဲ့တာလဲ၊ ကိုယ်ကသူများလို စာမကြိုးစားခဲ့လို့လား ကိုယ်ကသူများလောက် မလှခဲ့လို့လား၊ ကိုယ်ကသူများလိုမချမ်းသာခဲ့လို့လား။  ဒါဆိုရင် ဒါတွေက ကလေးတယောက်အနေနဲ့ဆို မသိခဲ့တဲ့အရာတွေပါ၊ သူစာကြိုးစားဖို့လိုတယ်လို့ သူမသိခဲ့ဘူး သူကသူများလောက်မတော်ဘူးလို့ သူမသိခဲ့ဘူး၊ သူကအရာရာပြည့်စုံတယ်လို့ သူ့ကိုယ်သူကျေနပ်ပျော်ရွှင်ခဲ့တာ။ “နင်က အသုံးမကျဘူး၊ နင်ကသိပ်အတာပဲ ဘာမှမလုပ်တတ်ဖူး၊ နင့်ကိုကြီးလာရင် ဘယ်သူအဖက်လုပ်ချင်မှာလဲ။ နင်က သိပ်တကိုယ်ကောင်းဆန်တာပဲ။ နင်က စာမကြိုးစားချင်ဘူး။ နင်သူများခိုင်းတာပဲ လုပ်ရမှာပေါ့။” လူကြီးမိဘတွေပြောတဲ့စကားတွေနဲ့မှပဲ သူကမပြည့်ဝ မလုံလောက်ခဲ့တာ သူကချစ်စရာမကောင်းခဲ့တာ။ ဒါတွေက သူ့အတွက်ကြီးလာတဲ့အခါ negative self-talk တွေပြောဖို့ပါလာတယ်။ ဒီလိုပြောလို့ ကိုယ့်ဘဝ မပြည့်ဝနေတာ မပျော်ရွှင်နေတာကို လူကြီးမိဘတွေကို အပြစ်တင်ဖို့မဟုတ်ဖူး။ ဒီလိုအပြစ်တင်စကားတွေပြောနေရင် ကိုယ်ဒီထဲက ဘယ်တော့မှရုန်းမထွက်နိုင်တော့ဘူး။ အပြစ်တင်စကားတွေက ကိုယ့်ကို မလွတ်မြောက်စေဘူး။ ကိုယ်က ကလေးနေရာမှာပဲအမြဲရှိနေပြီး ကိုယ့်ဘဝကို တာဝန်မယူချင်လို့ ဒီလိုလူကြီးမိဘ ဆရာသမားတွေကို အပြစ်တင်နေမိတာပါ။ ကိုယ့်ပါဝါ ကိုယ့်မှာလုပ်နိုင်စွမ်းတွေအများကြီးရှိပါတယ်။ ကိုယ့်ကို တာဝန်ယူပြီး ကိုယ့်ဘဝကို လွတ်မြောက်ကြောင်းရှာဖွေနိုင်ပါတယ်။ 

သတိရဖို့က တခြားသူတွေရဲ့ ထောက်ခံချက်က သူတို့တန်ဘိုးရှိတယ် လောကလူတွေအများစုလက်ခံတယ်ဆိုတာကို သူ့တို့အတွေးခေါ် သူတို့ယုံကြည်မှုတွေကို အခြေခံပြီး ကိုယ့်ကိုဆက်ဆံနေတာတွေပါ။ အမှန်တကယ် ကိုယ့်တန်ဘိုးနဲ့ ဘာမှမပတ်သတ်ပါဘူး။ ဒါပေမဲ့ ကလေးအရွယ်မှာတော့ ကလေးကသူ့ကို မထောက်ခံရင် သဘောမတူရင် သူကမှားနေတယ် သူ့ကိုယ်သူ သံသယရှိတယ် သူ့ကိုယ်သူ စိတ်ပျက်တယ် သူ့ကိုယ်သူမကြိုက်ဖူး မုန်းတယ်၊ သူက သူများကိုအားကိုးရတယ်၊ သူက သေးသေးလေးပဲရှိသေးတော့ သူ့ဘဝက အခြေနေပေါ်မူတည်ပြီးမှ တန်ဘိုးရှိမှာလိုခံယူသွားတယ်။ ဒါဆို ကျွန်မတို့က ကိုယ့်ကိုကိုယ် အထင်သေးဆက်ဆံတယ်ဆိုရင် ဘဝက ကျွန်မတို့ကြုံသမျှက ကျွန်မတို့ကိုယ့်ကိုကိုယ် အထင်သေးစေမဲ့အခြေနေ ပေးမဲ့လူတွေပဲလာတွေ့ရမယ်။ ကျွန်မတို့က ဒီလိုအဆက်ဆံပဲခံရဖူးတာကိုး။ ကျွန်မတို့ကို ကောင်းကောင်းပြောဆက်ဆံမဲ့သူ မတွေ့ကြုံဖူးဘူးလေ။ ဒါကြောင့် ကျွန်မတို့ ကမ္ဘာကြီးကိုမြင်တဲ့အမြင် ကျွန်မတို့ကိုယ်တိုင် ကိုယ့်ကိုမြင်တဲ့အမြင်တွေက ဒီကလေးဘဝက ကျွန်မတို့အတွင်းစိတ်ပိုင်းဆိုင်ရာ အတွေ့ကြုံတွေကို ပုံသွင်းပေးထားခဲ့တယ်။ ဒီလိုပြောလို့ ကျွန်မတို့မှာ မပျော်ရွှင်သမျှ ကျွန်မတို့ မပြည့်စုံသမျှကို လူကြီးမိဘတွေကို အပြစ်တင်ရမှာမဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ့်ကိုကိုယ် ချစ်တယ် တန်ဘိုးထားတယ်ဆိုရင် ဘဝက အံ့သြဖွယ် ပျော်ရွှင်ဖွယ်ရာနဲ့နေနိုင်ပါတယ်။ 

ဒါကြောင့် ကျွန်မတို့ ကိုယ့်အတွင်းက လွတ်မြောက်မှုရဖို့ ပထမဆုံး သတိနဲ့စောင့်ကြည့်ရပါမယ်။ ခေါင်းထဲမှာ ကိုယ့်ကိုကိုယ်ဘာစကားတွေပြောနေသလဲ။ အပြုသဘောမဆောင်တာတွေ သုံးနေတာကြားရင် ကိုယ့်ကိုအစွဲမှာတွေနဲ့ ဖောက်ထွက်မရ ပိတ်မိနေတဲ့စကားတွေပြောနေရင် ကိုယ်အဲ့စကားတွေကို ပြောင်းလဲပြောဆိုနိုင်ပါတယ်။ မကောင်းတဲ့ အပြုသဘောမဆောင်တဲ့ စိတ်ညစ်ညူးစေတာတွေကို တခြားသူတယောက်ဆီကို ထပ်တလဲလဲ မပြောနေပဲကြိုးစားတာပါ။ ကိုယ့်ဘဝမှာ ဒီလိုအပြုသဘောမဆောင်တဲ့ စကားတွေကို ပြောနေတာရဲ့နောက်ကွယ်က ဘာအကြောင်းရှိသလဲ စတာတွေကို အသေးစိတ်ရှာဖွေနိုင်ပါတယ်။ ကျွန်မတို့ သားသမီးတွေကို ကိုယ့်ကိုမချစ်စေမှာတွေကို ဖန်တီးမပေးခင် ကျွန်မတို့က ကိုယ့်ကိုကိုယ်ချစ်စေမဲ့ အပြုမူအပြောတွေကို အတွင်းမှာလုပ်နိုင်အောင် အရင် ပြောင်းလဲကြရပါမယ်။ 

အတိတ်ကသယ်လာတဲ့ အပြုသဘောမဆောင်တဲ့ စကားတွေကို လွှတ်ချပြီး လက်ရှိပစ္စုပ္ပာန်မှာနေမှ အကောင်းဆုံးနည်းနဲ့ ကိုယ့်ကိုကိုယ်ချစ်တာပါ။

Announce coming events

Having a big sale, on-site celebrity, or other event? Be sure to announce it so everybody knows and gets excited about it.

Display real testimonials

Display real testimonials

Are your customers raving about you on social media? Share their great stories to help turn potential customers into loyal ones.

Promote current deals

Promote current deals

Display real testimonials

Running a holiday sale or weekly special? Definitely promote it here to get customers excited about getting a sweet deal.

Share the big news

Promote current deals

Share the big news

Have you opened a new location, redesigned your shop, or added a new product or service? Don't keep it to yourself, let folks know.

Display their FAQs

Promote current deals

Share the big news

Customers have questions, you have answers. Display the most frequently asked questions, so everybody benefits.

Video

Check out this great video

Contact Us

Drop us a line!

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.

Free 30 mins Discovery Call!

You are not alone. We love to hear your stories. Book your appointment!

Insight Conscious Coaching

Zoom Online Coaching

coachmaykhin@gmail.com

Hours

Mon

08:30 am – 05:00 pm

Tue

08:30 am – 05:00 pm

Wed

08:30 am – 05:00 pm

Thu

01:00 pm – 08:00 pm

Fri

01:00 pm – 08:00 pm

Sat

09:00 am – 11:30 am

Sun

Closed

Subscribe

Get 10% off your first purchase when you sign up for our newsletter!

Copyright © 2025 Insight Conscious Coaching - All Rights Reserved.

Powered by

This website uses cookies.

We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.

Accept